ဖြူးမြို့နယ်အတွင်း ကျေးရွာဒေသများတွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေ ရရှိစေရေး သင်တန်းများပို့ချပေး
Dec 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အသက်မွေးပညာများဒေသတွင်း ကျွမ်းကျင်သည့်ပညာဖြင့် မိသားစုဝင်ငွေ ရရှိစေရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က အကြပ်အင်းကျေးရွာအုပ်စု၊ အကြပ်အင်းကျေးရွာတွင် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းဆပ်ကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီး တောင်သူလယ်သမားအဖွဲ့အစည်းတို့ ပူးပေါင်း၍ သက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်းကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။