မော်လမြိုင်ကျွန်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ‌မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာဟောပြောပွဲအား ယနေ့နံနက် ၁၁  နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မြို့မ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးဇော်ဝင်းထွန်း (ဦးစီးအရာရှိ)က မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ် သိကောင်းစရာများ အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းစာကြည့်အတွက် သုတ၊ ရသ စာအုပ်များလှူန်းဒါန်းပြီး အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသ‌ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)