သတင်းများ

ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်
Dec 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီး၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၁၅)ရပ်ကွက်အတွင်း ထိန်ထိန်ဝင်းပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်အပါး(၉၀)အား ဆန်အိတ်များနှင့်ဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်း
Dec 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်အတွင်း ခိုင်သဇင်လမ်းနှင့်သစ္စာလမ်းထောင့်ရှိ သံဃာတော်အပါး(၉၀)သီတင်းသုံးလျက်ရှိသော ထိန်ထိန်ဝင်းပရိယတ္တိစာသင်တိုက်သို့ ယမန်နေ့နံနက်(၈:၃၀)နာရီ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ဆန်အိတ်များနှင့်ဝတ္တူငွေများ လှူဒါန်းသည်။
ကျိုက်လတ်မြို့နယ်အတွင်း မော်တော်ယာဉ်နှင့် ကားဂိတ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိတာဝန်ရှိသူများစစ်ဆေး
Dec 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ကျိုက်လတ် မြို့နယ်အတွင်း ဖြတ်သန်းပြေးဆွဲနေသည့် မော်တော်ယာဉ်နှင့် ကားဂိတ်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိကို တာဝန်ရှိသူများက လိုက်လံ စစ်ဆေးခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းဆေးများ ထိုးနှံပေး
Dec 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးထို့နှံပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျွန်းလှမြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Dec 12,2022
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 12,2022
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန တို့ ယနေ့နံနက်ပိုင်းက  အလက(ခွဲ) သီရိမြိုင်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒုတိယသုံးလပတ် ထောက်ပံ့ကြေးငွေများ ပေးအပ်
Dec 12,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များအား  အာယာရဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တွင်  ဒုတိယသုံးလပတ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့နေ့လယ် ၁ နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံး အစည်း အဝေးခန်းမတွင် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် ကိုယ်ဝန်ဆောင် မိခင်များနှင့် နှစ်နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မအီမြို့တွင် မူလတန်းကြိုကလေးငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ အခမ်းအနား ကျင်းပ
Dec 12,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ သုတဂဝေသီပညာရေးဖောင်ဒေးရှင်းမှ ကြီးမှူးစီစဉ်ဆောင်ရွက်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု အမှတ်(၂)မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များ၏ ဉာဏစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ မူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။