ငါ့သရောက် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ထန်းပင်မြစ်ပျိုးထောင်ရောင်းချ သူများ စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဆည်ကျေးရွာ ထန်းပင်မြစ်ပျိုးထောင် စိုက်ပျိုးရောင်းချသူများထံမှသိရသည်။
ငါ့သရောက်မြို့ရှိ ကျေးလက်တောင်သူများသည် ထန်းပင်မြစ်ပျိုးထောင်ခြင်းအား ထန်းသီး မှည့်ချိန်ဖြစ်သည့် ဝါဆိုလ၊ဝါခေါင်လတို့တွင် ထန်းသီး မှည့်များကောက်ယူစုဆောင်းပြီး မြေကျဥ်များတူဖော်ကာ ရရှိလာသောထန်းသီမှည့်များကိုထည့်ထားပြီး နောက်အချိန်တူးဖော် ဖို့လွယ်ကူစေရန် သဲမြေများဖြင့်ဖုံးထားကြကြောင်းသိရသည်။ ပျိုထောင်းထားသောထန်းပင် မြစ်များကို သုံးလကျော် လေးလစတွင်စတင်တူးဖော်ရောင်းချကြပြီး။ ထန်ပင်မြစ်ဆယ် ချောင်းပါ တစ်စည်းကို (၅၀၀) ကျပ်နှုန်းအထိရရှိပြီး (၁၀၀)ချောင်းအစည်းတစ်စည်းကို (၅၀၀)ကျပ်နှုန်းအထိ ရရှိကြောင်းသိရသည်။ ငါ့သရောက်မြို့မှ ထွက်ရှိသောထန်းပင်မြစ်များ ကို ရန်ကုန်၊ ပခုက္ကူ၊ ညောင်ဦးမြို့များသို့ တင်ပို့ရောင်းချကြောင်း ထန်းပင်မြစ်စိုက်ပျိုးရောင်း ချသူများထံမှသိရသည်။
P.W.A.(ပြန်/ဆက်)