Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ဘူးသီးတောင်မြို့၌ ကျောင်းပိတ်ရက်များတွင်ကျောင်းသား/ ကျောင်းသူများ ဗဟုသုတများတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Dec 11,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂန္ဒာရီပရဟိတဂီဟာမှုးတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၁ ရက် ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ဂန္ဒာရီလူငယ်ပရဟိတစာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ပင်စက္ကိန်းတဲဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရန် ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကျင်းပ
Dec 11,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး(၄၆)ကြိမ်မြောက် မဟာပဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကျင်းပရန်အတွက် ဆရာတော်ကြီးများ၏ ဩဝါဒခံယူပွဲကို စက္ကိန်းတဲဘုရားရင်ပြင်ပေါ်ရှိနန်းထိုက်ဓမ္မာ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာတွင် သီရိမင်္ဂလာအန္တရာယ်ကင်းရန် စွယ်ရှင်းကောင်းခြင်း ပြည့်စုံသဲစေတီ၏ (၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းလောင်းလှူပူဇော်ပွဲကျင်းပ
Dec 11,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် သီရိမင်္ဂလာ အန္တရာယ်ကင်းရန်စွယ်ရှင်းကောင်းခြင်း ပြည့်စုံသဲစေတီ၏ (၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းလောင်းလှူပူဇော်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်(နတ်တော်လပြည့်ကျော် ၄ ရက်)နေ့နံနက် ၉ နာရီက ချောင်းမကြီးကျေးရွာ၏ အရှေ့ဘက် ယောချောင်းအတွင်းရှိ သီရိမင်္ဂလာ အန္တရာယ်ကင်း ရန်စွယ်ရှင်း ကောင်းခြင်းပြည့်စုံ သဲစေတီ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌ နေကြာမျိုးစေ့ချ သရုပ်ပြစိုက်ပျိုးနေမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှကြည့်ရှုအားပေး
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၉)နာရီအချိန်က သက္ကယ်ချောင်းကျေးရွာ အုပ်စု၊ သက္ကယ်ချောင်း ကျေးရွာကွင်းအမှတ် (၁၃၃၆/ခ) ဦးပိုင်အမှတ် (၃၈/၄ )နှင့် ကွင်းအမှတ် (၁၃၃၆/ခ)ဦးပိုင်အမှတ်(၄၂/၁)တောင်သူ ဦးလှဝင်း၏လယ်မြေ ၂ ဒဿမ ၅ ဧကတွင် နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကရိယာဖြင့် နေကြာစိုက်ပျိုးမှုသရုပ်ပြပွဲကျင်းပ
Dec 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မျိုးစေ့ချကရိယာဖြင့် နေကြာစိုက်ပျိုးမှု သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြမ္မာပြာသာကျေးရွာအုပ်စု တွင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) သို့ အင်အားဖြည့်စားသောက်နိုင်ရေး ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်
Dec 11,2022
ကယားပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)သို့ သွားရောက်ပြီး သင်တန်း တက်ရောက်လျက်ရှိသော တိုင်းရင်းသား သင်တန်းသား/သင်တန်းသူများ အင်အားဖြည့် စားသောက်နိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က မိုင်းနောင်ကျောင်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဒီဇင်ဘာ အခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲကိုအေးချမ်းစွာဖြေဆို
Dec 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ဒီဇင်ဘာအခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲများကို စစ်ဆေးလျက်ရှိရာ အ.ထ.က မိုင်းနောင်ကျောင်းတွင်လည်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်(၁၁)နာရီအချိန်မှ စတင်၍ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွေစပါးစိုက်တောင်သူများ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ သဘာဝမြေဩဇာများထောက်ပံ့
Dec 11,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် စားဝတ်နေရေးဖူလုံရေးအတွက် စဉ်ဆက်မပြတ် အားပေးကူညီလျက်ရှိရာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာရှိ လှိုင်းဘွဲမျိုးသန့်ခြံ၌ နွေစပါးစိုက်တောင်သူများအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပြသ ကွင်းသရုပ်ပြခဲ့ပြီး သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17847
Page
17848
Page
17849
Page
17850
Current page
17851
Page
17852
Page
17853
Page
17854
Page
17855
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department