သတင်းများ

ကျောက်ဆည်မြို့နယ်တွင် အသက်(၁၈)နှစ်အောက် ခရိုင်အဆင့်လူရွေးပွဲပြုလုပ်ရန် ကျောင်းအားစကားပြိုင်ပွဲများ ကျင်းပ
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီက အသက်(၁၈)အောက် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ခရိုင်အဆင့် ကျောင်းအားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ပြည်သူ့အားကစားကွင်းနှင့် ပြည်သူ့ပန်းခြံအားကစား ကွင်းတို့တွင် ကျင်းပခဲ့ပြီး လူရွေးချယ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သတ္တမအကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ
Dec 13,2022
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သတ္တမအကြိမ်မြောက် သူနာပြု သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို လားရှိုးမြို့သူနာပြု သင်တန်းကျောင်း ခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။
မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာ၌ ဆီထွက်ပန်းနှမ်းစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာ
Dec 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာနေ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူအများအပြား ယခုနှစ်တွင် ဆီထွက်ပန်းနှမ်းစိုက်ခင်းများကို ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ
Dec 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  ကျင်းပခဲ့​ပါသည်။
ပေါက်တောမြို့နယ်အတွင်း IDP Camps များနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ
Dec 13,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myanmarcopharm )ကျောင်းအခြေပြု (ပထမ) အကြိမ် ထိုးနှံပေး ခြင်းကို  ယနေ့နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။
သီပေါမြို့၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်
Dec 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) ၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဒီဇင်ဘာ ၂၀ ရက်နေ့၌ စတင်ကျင်းပမည်
Dec 13,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။