သတင်းများ

မြစ်သားမြို့တွင် အခြေခံလူသုံးကုန်ပစ္စည်းများစျေးနှုန်းချိုသာစွာ ရောင်းချပေး
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် အမှတ်(၂)အင်အားဖြည့်တင်‌ရေးနှင့် ပြန်လည်နေရာချထားရေးတပ် (မိုင်းမော)မှ ဗိုလ်လေးအောင်လှဦး ဦးဆောင်၍ တပ်မတော်သား (၁၁)ဦး တို့မှ ဒေသခံပြည်သူများအတွက် အခြေခံလူသုံးကုန်ပစ္စည်းများ စျေးနှုန်းချိုသာစွာသုံးစွဲနိုင်ရန်   ကြက်ဥတစ်လုံးလျှင်(၂၀၀)ကျပ်၊ ဖယောင်းတိုင်အထုတ်ကြီး တစ်ထုတ်လျှင် (၇၀၀)ကျပ်၊ ဖယောင်းတိုင် အလတ်ထုတ် တစ်ထုတ်လျှင်   (၆၀၀)ကျပ်၊ဖယောင်းတိုင် အထုတ်သေး တစ်ထုတ်လျှင် (၅၀၀)ကျပ်နှင့် ဆပ်ပြာဆီတစ်ဘူးလျှင် (၁၀၀၀)ကျပ်  တို့ဖြင့် ယနေ့နံနက်(၈း၀၀)နာရီအချိန်မှ (၁၁း၀၀)နာရီအချိန်ထိ မြစ်သားမြို့၊ မြို့အနောက်ရပ်ကွက်ရှိ  မြို့မစျေး အနောက်ဘက်ပေါက်၌ စျေးနှုန်းချိုသာစွာရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ကလေးမြို့တွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်ချီပြိုင်ပွဲများကျင်းပ
Dec 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲမျာ ကျင်းပခဲ့သည်။
တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 13,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် အထက-တနင်္သာရီမှ ဆရာမများနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ဒေးဒရဲမြို့၌ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေရေးရာများအား ရှင်းလင်းဆွေးနွေး
Dec 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၆/ ၂၀၂၂) အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ ကလေးစာဖတ်ခန်းတွင် ရုပ်ပြစာအုပ်များဖတ်ခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်
Dec 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင်  ဒေသခံကလေးငယ်များအနေဖြင့် ပုံပြစာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပုံပြစာအုပ်များမှ ပန်းချီများကိုလေ့လာတတ်စေရန်၊ ရုပ်ပြ(ပုံပြ)စာအုပ်များမတိမ်ကောစေရန်နှင့် ရုပ်ပြစာအုပ်များဖတ်ခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၊ ကလေးစာဖတ်ခန်းတွင် ဆောင်ရွက်ခဲ့သည်။
ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ
Dec 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း      (ကျွန်းစု) တို့ပူးပေါင်း၍  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အထက(ကျွန်းစု)ကျောင်း၊ ပညာ့ဗိမာန်ခန်းမတွင်ကျင်းပခဲ့သည်။
အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာ၌ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က လေးပင်ချောင်ကျေးရွာ၊ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဝင်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မက်မန်းမြို့နယ်၌ ဒေသဝက် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Dec 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် ဒေသဝက် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။