သတင်းများ

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိ စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာဒီပံလင်း၏" ကမ္ဘာသား အားလုံးအတွက် "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ သာသနဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ပညာသာမိ အား ဂုဏဝိသိဌပူဇာ ချီးကျူးဂုဏ်ပြုပွဲ ကျင်းပမည်
Dec 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဝိသုတာရာမ (ဥယျဉ်ကြီး)ကျောင်းတိုက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိစ္စ၏တပည့် သာသနဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ပညာသာမိ၏ ဂုဏဝိသိဌပူဇာ ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကို လာမည့်ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားဖြစ်ကြောင်း ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။
မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်‌ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်
Dec 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် ပြည်သူများလက်ရှိ ဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိစေရန်အတွက် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို နောင်‌ကျော့ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီနေထိုင်လျက်ရှိသူများအား Cross-Check စစ်ဆေးခြင်းလုပ်ငန်းနှင့် မှတ်ပုံတင်(၂)ကြိမ်၊ (၃)ကြိမ်နှင့်အထက် ထပ်နေသူများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 13,2022
ပဲခူးတိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ နေထိုင်လျက်ရှိသူများအား Cross-Check စစ်ဆေးခြင်းလုပ်ငန်းနှင့်မှတ်ပုံတင်(၂)ကြိမ်၊ (၃)ကြိမ်နှင့်အထက် ထပ်နေသူများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်
Dec 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေး
သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Dec 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉) နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်အသင်း (Youth Clb)တို့ ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်
Dec 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကျောင်းသား/သူများအသိပညာဗဟုသုတရရှိစေရေးနှင့် လွတ်လပ်ရေး၏ အနှစ်သာရကို သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်သည်။
စလင်းမြို့နယ်၌ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များတွင် ပြည်သူများဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Dec 13,2022
မကွေးတိုင်ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာနရုံး (Community Centre) ခန်းမဆောင်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။