လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်  ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ

လဲချား ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  ကျင်းပခဲ့​ပါသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ပြိုင်ပွဲများကျင်းပရခြင်းမှာ ကျောင်းသား/ ကျောင်းသူများ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများရရှိပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ(၂၆)ဦးမှ ဂိမ်းကစားခြင်း၊ ပူပေါင်းဖောက်ကစားခြင်း၊ စာအုပ်ရွက်ကစားခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း   သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)