သတင်းများ

ဗန်းမောက်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့်ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်‌ပေး
Dec 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့တွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကလေးအလုပ်သမား ပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပန်းပျိုးလက်ကိုယ်ပိုင် အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဆောက်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် တိုင်း‌ဒေသကြီးပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ နိုင်ငံသားစိစစ်ရေးကတ်စိစစ်ခြင်းလုပ်ငန်းများအား‌တွေ့ဆုံရှင်းလင်းဆွေးနွေး
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ကော်မရှင်ရုံးတွင် တိုင်းဒေသကြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းကလာရောက်၍ နိုင်ငံသားစိစစ်ရေးကတ်များ စိစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ လမ်းညွှန်‌မှာကြားခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတ်ပုံအမှန်ရွေးကြမယ် ပြိုင်ပွဲကျင်းပ
Dec 13,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူထုအခြေဗဟိုဌာန (Community Centre )ဘက်စုံ သုံးခန်းမတွင် ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ
Dec 13,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ကာတွန်းပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၂)အ​​ခြေခံပညာ အထက်တန်းကျောင်း အောင်ဇေယျခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်
Dec 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာအသိ ပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ၀င်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ်
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၆(A)လမ်းနှင့်၁၁၄ (D) လမ်း၊ ပုညနန္ဒာဓမ္မာရုံတွင်နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်  ၈ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါ၀င်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပင်းတယ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းအသိပညာပေး Talk Show ဆောင်ရွက်
Dec 13,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်း အသိပညာပေး Talk Show အား Online မှတစ်ဆင့် တင်ဆက်ခြင်း အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့သည်။
ဆဒုံးမြို့ အခြေခံပညာ မူလတန်းလွန်ကျောင်း(ဆဒုံးပါ)၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကျင်းပ
Dec 13,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (ဆဒုံးပါ)၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။