သတင်းများ

တောင်တွင်းကြီးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​ ကျောင်းသား အားကစားပွဲ​၊ မြို့နယ်အဆင့် လူရွေးပွဲကျင်းပ
Dec 13,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား အားကစားပွဲ မြို့နယ်အဆင့် လူရွေးပွဲကို မြို့နယ်ပညာရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယနေ့နံနက် (၇) နာရီအချိန်က မြို့နယ်ရန်ပယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး ပြုလုပ်
Dec 13,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘီးလင်းမြို့နယ်မှ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ဒီဇင်ဘာ ၁၃ ရက် နံနက်(၁၀)နာရီက ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌  ရုပ်ပုံကြည့်ရေးဆွဲနည်းပြိုင်ပွဲပြုလုပ်
Dec 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများအတွက် ရုပ်ပုံကြည့်ရေးဆွဲနည်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ဧက ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
Dec 13,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အာရေဗီးကား(ဗီယက်နမ်)ကုန်းမြင့် ကော်ဖီမျိုးများကို စိုက်ပျိုးထားရာ ယနေ့ထိ ကော်ဖီစိုက်ဧက ၁၀၈၅ ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲဆောင်ရွက်
Dec 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဂန့်ဂေါမြို့၌ Mask Campaign လှုပ်ရှားမှုအရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 13,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်ခြင်းများနှင့် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းနှင့် ဆေးရုံလမ်းစုံနေရာတို့တွင် ဆောင်ရွက်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါ၀င်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ်
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ သီလရက္ခိတဓမ္မာရုံတွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါ၀င်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။