သတ္တမအကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ

လားရှိုး ဒီဇင်ဘာ ၁၃

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သတ္တမအကြိမ်မြောက် သူနာပြု သားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို လားရှိုးမြို့သူနာပြု သင်တန်းကျောင်း ခန်းမတွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ‘သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ် ရရှိသွားမည့်ဘွဲ့ရ သားငယ်/သမီးငယ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ချမှတ်ထားသော မူဝါဒများ၊ နည်းဗျူဟာများ၊ မဟာဗျူဟာများဖြင့် ပြည်သူလူထု၏ ကျန်းမာရေးတိုးတက်မြင့်မား စေရန်အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရန်’ မှာကြား၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် သတ္တမအကြိမ်မြောက် သူနာပြုသားဖွားဒီပလိုမာအောင် လက်မှတ်များကို တာဝန်ရှိသူများက ဒီပလိုမာ အောင်လက်မှတ်ရရှိသူ(၄၂)ဦးအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး