မိုးနဲ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာနေ စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူအများအပြား ယခုနှစ်တွင် ဆီထွက်ပန်းနှမ်းစိုက်ခင်းများကို ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။
ခိုတိဝိုးကျေးရွာနေ တောင်သူအများအပြား နှစ်စဉ် ရာသီအလိုက် ပြောင်း၊ ပဲပုတ်၊ မြေပဲ၊ ဆီမုန့်ညှင်းတို့ကိုသာ စိုက်ပျိုးကြရာ ၂၀၂၁ ခုနှစ်မှ စတင်၍ ဆီထွက်ပန်းနှမ်းစိုက်ခင်းများကိုလည်း အများအပြား စိုက်ပျိုးလာကြောင်း၊ အချိန်တိုသီးနှံဖြစ်ပြီး သီးထပ်စိုက်ပျိုးရန် အဆင်ပြေသည့်အတွက် ပိုမိုစိုက်ပျိုးကြကြောင်း၊ မိသားစု စားသုံးဆီဖူလုံရေးအတွက် အဓိကစိုက်ပျိုးကြောင်း၊ ယခု မိမိယာခင်း၌လည်း ပန်းနှမ်းစိုက်ပျိုးထားရာ ရိတ်သိမ်းနေပြီဖြစ်ကြောင်းနှင့် ခိုတိဝိုးကျေးရွာ၌ ပန်းနှမ်းစိုက်ပျိုးထားသူများလည်း ရိတ်သိမ်းလျက်ရှိကြောင်း ပန်းနှမ်းစိုက်ပျိုးထားသူ တောင်သူ ဦးအေးမောင်ထံမှ သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)