သတင်းများ

ရွှေဘိုမြို့အလက(၁)တွင် အသိပညာ​ပေး​ ဟော​ပြောပွဲကျင်းပ
Dec 13,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ ရွှေဘိုမြို့ အ.လ.က(၁)တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ၊ အသိပညာ​ပေး​ ဟော​ပြောပွဲကို ယ​နေ့နံနက် ၁၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။
မိုးကုတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေး
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန် အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်၊ ဗိုလ်ကုန်းရပ်ရှိ မိုးလုံလေလုံ အားကစားခန်းမ၌ လည်းကောင်း၊ နေ့လယ် ၁ နာရီအချိန်က ရှောလိဝိုင်းရပ်ကွက်၊ ဘုရားတစ်ထောင် ဘုန်းတော်ကြီး ပညာရေးကျောင်း၌လည်းကောင်း၊ မွန်းလွဲ ၃ နာရီအချိန်က လယ်ဦးရပ်ကွက်၊ ရတနာသီရိ ဘုန်းကြီးကျောင်း၌ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Dec 13,2022
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၅) ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ စုပေါင်းသွေးလှူ ဒါန်းပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့အထွေထွေရောဂါကု ဆေးရုံကြီး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မ တော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည့်ရှု အားပေးကြသည်။
အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တွင် တွေ့ဆုံပွဲကျင်းပ
Dec 13,2022
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် အစည်းအဝေးခန်းမတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက် (၀၉း၂၀) နာရီတွင် တွေ့ဆုံပွဲပြုလုပ်ကြောင်းသိရသည်။
မန်တုံမြို့နယ်၊ အခြေခံအထက်တန်းကျောင်း၌ အန္တရာယ်ကင်းတရားနာနှင့် ဘုရားအနေဂဇာတင်ခြင်း ဆောင်ရွက်
Dec 13,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် အခြေခံအထက်ကျောင်း၊ မန်တုံတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ချောချော နှင့်ဆရာ/ဆရာမများမှ စုပေါင်း၍ အန္တရာယ်ကင်းပရိတ်တရားနာနှင့် ဘုရားအနေဂဇာတင်ခြင်းကို ယနေ့နံနက်က အ.ထ.ကကျောင်း၊ ရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပ
Dec 13,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် ရခိုင် ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၃) နာရီက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်း၊ မိုးလုံလေလုံခန်းမတွင် ကျင်းပပြု လုပ်လျက်ရှိသည်။
နမ္မတူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Dec 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
ပင်လုံမြို့အမှတ်(၄) အခြေခံမူလတန်းကျောင်း၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Dec 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ အမှတ်(၄) အခြေခံမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။