ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပုဗ္ဗသီရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်း(BookClub) အဖွဲ့ဝင်များ ဖြစ်ကြသည့် စာရေးဆရာစိန်ဝင်းနွယ် (ဘာသာပြန်)က (၁၈-၉-၂၀၂၂)ကြေးမုံသတင်းစာတွင် ပါရှိသည့် သူတစ်ပါးအတွက် စဉ်းစားတတ်သူဖြစ်ပါစေ ဆောင်းပါးအား လည်းကောင်း၊   စာရေးဆရာ ရဲမွန်ကျော်က စာရေးဆရာ မနုဿကျော်ဝင်း၏ “နှစ်ဆယ့်တစ်ရာစုသားရွှေဥ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊  စာရေးဆရာမချယ်ချယ်(YU)က စာရေးဆရာ လယ်တွင်းသားစောချစ်၏ မြန့်မာ့ရိုးရာ စကားထာများစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်း သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

သားငယ်(ပုဗ္ဗသီရိ)