ကျောက်ဆည် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီက အသက်(၁၈)အောက် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် ခရိုင်အဆင့် ကျောင်းအားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ပြည်သူ့အားကစားကွင်းနှင့် ပြည်သူ့ပန်းခြံအားကစား ကွင်းတို့တွင် ကျင်းပခဲ့ပြီး လူရွေးချယ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘော်ပြိုင်ပွဲကို ပြည်သူ့ပန်းခြံ ဘော်လီဘော အားကစားကွင်းတွင် လည်းကောင်း၊ ဘော်လုံးပြိုင်ပွဲကို ပြည်သူ့အားကစား ဘော်လုံးကွင်းတွင် လည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမတွင် လည်းကောင်းအသီးသီး ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းအားကစားပြိုင်ပွဲများတွင် ဆက်လက်ပြိုင်ပွဲဝင်နိုင်ရေး ဘော်လုံးပြိုင် ပွဲ၌ တစ်မြို့နယ်တွင် အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၁၁)ဦး၊ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၆)ဦး၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦးနှုန်း အသီးသီး ပဏာမ ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာ၊ ကြံ့ခိုင်ရေးနှင့် ပညာရညမြင့်မားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကျောင်းသားလူငယ်များ အားကစားလှုပ်ရှားမှုများတွင် စဉ်ဆက်မပြတ်လေ့ကျင့်ပြီး ဘက်စုံထူးချွန်သည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာရေး အတွက် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)