အမာ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာ၌ မြို့အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးရွာလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က လေးပင်ချောင်ကျေးရွာ၊ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ဝင်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေနိုင်ထွန်းက ယခုကဲ့သို့မြို့အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ကျန်းမာရေး၊ ပညာရေး၊ ဒေသလုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး၊ အမာနယ်မြေရဲစခန်းမှ ဒုရဲအုပ်ထက်အောင်က နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပတ်သက်၍ဆွေးနွေးပြီး မြို့အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာဌာနအလိုက် ပြည်သူများအတွက်ဝန်ဆောင်မှု ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြပြီးနောက် ဒေသခံပြည်သူများကိုအမာမြို့၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် အမာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသထွက်ပုစွန်များကိုဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေနိုင်ထွန်း၊ အမာနယ်မြေရဲစခန်းမှ ဒုရဲအုပ်ထက်အောင်၊ မြေစာရင်းဦးစီးဌာနမှ ဦးမောင်သစ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ရှိုင်းထက်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဦးစီးဌာနမှ စက်ရုံမှူးဦးမျိုးမင်းထွေး၊ ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြု ဆရာမဒေါ်အိအိခိုင်၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အမာ(ပြန်/ဆက်)