ကလေး ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲမျာ ကျင်းပခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကို အလယ်တန်း အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများက အနီးကပ်ကြီးကြပ်ပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲအသီးသီးတွင် ပထမ ဒုတိယ တတိယ ဆုရရှိသော ကျောင်းသား ကျောင်းသူများကို (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)