ကျွန်းစု ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းစု) တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အထက(ကျွန်းစု)ကျောင်း၊ ပညာ့ဗိမာန်ခန်းမတွင်ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထားတတ်စေရန်၊ စာပေအသိမှ ပရိတ်သတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
စကားဝိုင်းဆွေးနွေးပွဲကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရစိုးက စာပေအသိဖြင့် အနာဂတ်လူဘောင်အဖွဲ့အစည်းကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လူငယ်များအနေဖြင့် အချိန်ရှိတိုင်း စာပေများကိုလေ့လာရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူငယ်စကား ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲကို လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့် မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးသန္တာဖြိုး၊ အထက်တန်းပြ ဆရာမ ဒေါ်သီသီထွေးနှင့် Grade-11မှ မောင်ရဲမင်းဦး၊ မခတ္တာမေ၊ မမေဇင်ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများ ခင်းကျင်းပြသထားသော စာအုပ်စာပေများနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)