မြစ်သား ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် အမှတ်(၂)အင်အားဖြည့်တင်ရေးနှင့် ပြန်လည်နေရာချထားရေးတပ် (မိုင်းမော)မှ ဗိုလ်လေးအောင်လှဦး ဦးဆောင်၍ တပ်မတော်သား (၁၁)ဦး တို့မှ ဒေသခံပြည်သူများအတွက် အခြေခံလူသုံးကုန်ပစ္စည်းများ စျေးနှုန်းချိုသာစွာသုံးစွဲနိုင်ရန် ကြက်ဥတစ်လုံးလျှင်(၂၀၀)ကျပ်၊ ဖယောင်းတိုင်အထုတ်ကြီး တစ်ထုတ်လျှင် (၇၀၀)ကျပ်၊ ဖယောင်းတိုင် အလတ်ထုတ် တစ်ထုတ်လျှင် (၆၀၀)ကျပ်၊ဖယောင်းတိုင် အထုတ်သေး တစ်ထုတ်လျှင် (၅၀၀)ကျပ်နှင့် ဆပ်ပြာဆီတစ်ဘူးလျှင် (၁၀၀၀)ကျပ် တို့ဖြင့် ယနေ့နံနက်(၈း၀၀)နာရီအချိန်မှ (၁၁း၀၀)နာရီအချိန်ထိ မြစ်သားမြို့၊ မြို့အနောက်ရပ်ကွက်ရှိ မြို့မစျေး အနောက်ဘက်ပေါက်၌ စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)