ဒေးဒရဲ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၄၆/ ၂၀၂၂) အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မှတ်ပုံတင်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများက အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာများနှင့် လိုက်နာဆောင်ရွက်ရန် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အသင်းအဖွဲ့ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားရှိသော အသင်းအဖွဲ့များက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း