ဒေးဒရဲ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အနီးကပ်ကြီး ကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီက ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စု၊ တော်လှကျေးရွာအုပ် စုနှင့် တော်ဖရုံကျေးရွာအုပ်စုများဖြင့် ဆက်စပ်လျက်ရှိသော ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါချောင်းရိုးများတူးဖော်ခြင်းလုပ်ငန်းများကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေ (၁၀၄၂.၄၉)သန်းဖြင့် Cosy Conquest ကုမ္ပဏီက တာဝန်ယူ၍ ကျုံဒူးဒါးမလိမ်း၊ ညောင်ကားယား၊ တော်လှ၊ တော်ဖရုံကျေးရွာပတ်ဝန်းကျင်ရှိ နွေစပါးမြောင်း များဖြစ်သည့် မင်္ဂလာရိုး၊ ကျုံကြပ်ရိုး၊ ချောင်းယားရိုးနှင့် ဖိုးကျော်ခေါင်ရိုးစသည့်ရိုးများတွင် နွေစပါးစိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးအတွက် စုစုပေါင်းအရှည်(၂၆၉၀၀)ပေအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့ကစတင်၍ စက်ယန္တရားများဖြင့် တူးဖော်လျက်ရှိသည့် အခြေအနေ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ ကြောင်း သိရသည်။
အဆိုပါရိုးချောင်းတူးဖော်ပြီးစီးပါက တော်ကမယ်ကျေးရွာအုပ်စု၊ ကျုံဒူးဒါးမလိမ်းကျေးရွာအုပ်စု၊ တော်လှကျေးရွာအုပ်စုနှင့် တော်ဖရုံကျေးရွာအုပ်စုများရှိ နွေစပါးနှင့် ဆီထွက်သီးနှံနေကြာ စုစုပေါင်း (၃၉၅၀) ဧကစိုက်ပျိုးမည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ ဝင်ငွေအခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း