မိုးမောက်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရန်ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်

မိုးမောက် ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအား ချေးငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတောက်ထွန်းက စီမံကိန်းဆိုင်ရာအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီမှ ခုံဆင့်ကျေးရွာကော်မတီထံသို့ စိုက်ပျိုးရေးတောင်သူ (၇၃)ဦးအတွက် ချေးငွေရန်ပုံငွေ ကျပ်သိန်း(၄၀၀)အား လွှဲပြောင်းပေး အပ်ခဲ့ပါကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)