ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာလ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည် ကျေးလက်ကုန်ထုတ်လမ်း၊ ရေပေးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့၊ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
ကွင်းဆင်းစစ်ဆေးရာတွင်လည်း ရှေးဦးစွာ မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်နှင့် တာဝန်ရှိသူများက ရေပေါ်သောင်ကျေးရွာရှိကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြစိမ်း ရောင်ကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံကာဒေသဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ဆောင်နိုင်ရန်အတွက် မြစိမ်းရောင်စီမံကိန်းကို ယခုထက်ပိုမိုပြီး ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များရှိပါကလည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းများနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့်လုပ်ငန်းများ အရည်အသွေးပြည့်မီနိုင်စေရေး အထူးအလေးပေးလိုက်နာဆောင်ရွက်ရန်တို့ကို ရှင်း လင်းမှာကြားသည်။
ဇင်မင်းထိုက် (ပြန်/ ဆက်)