မိုးမောက် ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုသက်ဇွန် ဦးဆောင်သော အဖွဲ့၀င်များသည် မံပုံကျေးရွာအုပ်စု၊ မံပုံကျေးရွာအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းခြင်းလုပ်ငန်းကို ယနေ့နံနက်၁၁နာရီခန့်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ မံပုံကျေးရွာရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား ကြက်ဥ(၁၀)လုံး၊ အိုင်အိုဒင်းဆားများ ထောက်ပံ့ပေးအပ်ခြင်း၊ အဖွဲ့ဝင် အင်အားတိုးမြှင့်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးများနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ပြီး ကျေးရွာတွင်းရှိ ရေတွင်း၊ ရေကန်၊ အိမ်သာသန့်ရှင်းမှုများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)