ညောင်တုန်း ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်တို့က Talk Show ကျင်းပရခြင်းရည်ရွယ်ချက်၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသုံးစွဲရာတွင် သတိပြုလိုက်နာရမည့် အချက်များ၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် သတိပြုလိုက်နာရမည့် အချက်များ၊ အွန်လိုင်းမှ ကုန်စည်ဝယ်ယူမှုနှင့် ပတ်သက်၍ တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များစသည့် စားသုံးသူရေးရာအသိပညာပေး အကြောင်းများကို ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)