သတင်းများ

ညောင်ရွှေမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Dec 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ယှဉ်ပြိုင်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်နှင့် အချင်းချင်းကူညီရိုင်းပင်းခြင်း အလေ့အထကောင်းများ ရရှိလာစေရန်အတွက် ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိရာ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း အကဲဖြတ်အမှတ်ပေးဒိုင်ချုပ်နှင့် ဒိုင်အဖွဲ့ဝင်များ အခြေခံပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ အုပ်ချုပ်သူဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။
မိုးကုတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ဆက်လက် တွေ့ဆုံဆွေးနွေး
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော် ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၇)ဦး ပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့က နံနက် ၉ နာရီခွဲအချိန်က  ကသဲကျေးရွာအုပ်စု၊ ဘုရားသုံးဆူ အလယ်တန်းစာသင်ကျောင်း၊  နေ့လယ် ၁ နာရီအချိန်တွင် ပြောင်းပြင်ကျေးရွာ အုပ်စု၊ ပြောင်းပြင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်  မွန်းလွဲ ၃ နာရီအချိန်တွင် တောင်ဒွန်း ကျေးရွာအုပ်စု၊ တောင်ဒွန်းလူမှုရေးခန်းမတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကျင်းပ
Dec 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍ သတင်းရေးသားနည်း သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ရမ်းဗြဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  ယနေ့တွင်ကျရောက်သည့်(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို  ယနေ့နံနက် ၈ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊  မြို့မိမြို့ဖများ၊  ဆရာ/ဆရာမများနှင့်  ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ကျောက်ဖြူမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုပေးပွဲကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ကျရောက်သည့်  (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင်  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက နဒီသောင်ယံဂေါက်ကလပ် မြက်ခင်း ပြင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။
မိုင်းဖြတ်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍  စာဖတ်ဝိုင်းပြုလုပ်
Dec 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာပေ ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ငှက်ပျောသီး စိုက်ပျိုးရောင်းချရာမှ စျေးကောင်းရရှိ
Dec 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များ အဓိကထား စိုက်ပျိုးလျက်ရှိရာ နှစ်တိုသီးနှံပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။
နတ်တလင်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉နာရီအချိန်က အ.လ.က ကျောင်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။