ကျောက်ဆည် ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းဆောင်လိုအပ်လျက်ရှိသည့် အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးလျက်ရှိရာ မြင်းချီနိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောက်လုပ်လျက်ရှိသည့် ကျောင်းဆောင်သစ်မှာ (၈၅)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အလျား(၈၀)ပေ၊ အနံ(၃၀)ပေရှိသည့် Steel Structure အမျိုးအစား အဆိုပါ (၁) ထပ်ကျောင်းဆောင်အား နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ (၈၅.၃၉၈) ကျပ်သန်းဖြင့် NOBLE MYINT MO ဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်သည်။
မြင်းချီနိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ KG အတန်းတွင် ကျောင်းသား/ကျောင်းသူ (၃၈)ဦး၊ Grade-1 အတန်းတွင် ကျောင်းသား/ကျောင်းသူ(၃၂)ဦး၊ Grade-2 အတန်းတွင် ကျောင်းသား/ကျောင်းသူ(၂၇)ဦး၊ Grade-3 အတန်းတွင် ကျောင်းသား/ကျောင်းသူ(၂၃)ဦး၊ Grade-4 အတန်းတွင် ကျောင်းသား/ကျောင်းသူ(၂၂)ဦး၊ Grade-5 အတန်းတွင် ကျောင်းသား/ကျောင်းသူ(၂၂)ဦး ပညာသင်ကြားလျက်ရှိပြီး မြို့နယ်အခြခံပညာရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးလျက်ရှိသည့်အပြင် ပြင်ဆင်ရမည့်ကျောင်းဆောင်များကိုလည်း ပြင်ဆင်ပေးခြင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ကျောင်းဝန်းအုတ်တံတိုင်းများ ကာရံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်