သထုံမြို့တွင် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး ပြပွဲပြိုင်ပွဲများပြုလုပ်ပေး

သထုံ ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့ရှိ အမက(အုပ္ဖိုလ်တန်း) နှင့် အမက(ဘူတာ) အခြေခံပညာမူလတန်းကျောင်းတို့၌ အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲပြိုင်ပွဲများတို့ကို ပြုလုပ်ပေးခဲ့ကြသည်။

အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူ‌ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာ‌ စာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများက စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင့်ရေး အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ် စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားများ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်