ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 15,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူစုစုပေါင်း ( ၂၅၀) ဦး တက်ရောက်ကြသည်။