မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်စိုက်ပျိုးသည့် ဆီထွက်သီးနှံများအောင်မြင်ဖြစ်ထွန်း

အုတ်တွင်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသတွင်းစားသုံးဆီဖူလုံစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းဖြင့်ဆောင်ရွက်သည့် ဆီထွက်သီးနှံနေကြာ၊ မြေပဲစိုက်ပျိုးထားမှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာဦးအောင်ဆန်းဦး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာကော်မတီအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆီထွက်သီးနှံစိုက်ခင်းနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်စီမံကိန်းထုတ်ချေးငွေကျပ် သိန်း ၁၀၀ ဖြင့် တောင်သူ ၅၂ ဦးမှ ဆောင်ရွက်စိုက်ပျိုးသည့်ဆီထွက်သီးနှံ နေကြာသီးသန့်ဧက ၅၀ ၊ သီးညှပ် ၁၄ ဧကနှင့်မြေပဲ ၄ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)