သရက်မြို့ပြည်သူ့ဆေးရုံ၌ အကူသူနာပြု (ပြင်ပ) (၉) လ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

သရက် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ပြည်သူ့ဆေးရုံ၌ အကူသူနာပြု (ပြင်ပ) (၉) လ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သက်နိုင်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သော အကူသူနာပြု (ပြင်ပ) (၉)လ သင်တန်းသို့ တက်ရောက်မည့် သင်တန်းသူများအနေဖြင့် သင်တန်းကာလပြီးဆုံးအောင် တက်ရောက်ပြီး သင်တန်းကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများ၊ ကျင့်ထုံးများကို လေးစားလိုက်နာပြီး သင်ကြားရေးအဖွဲ့မှသင်ကြားသော ပညာ ရပ်များကို စာတွေ့လက်တွေ့သင်ယူကြရန်နှင့် ကျွမ်းကျင်၍ ပြည်သူလူထုက အားကိုးရသော အကူသူနာပြုများဖြစ်အောင် ကြိုးစားကြစေလိုပါတယ် ဟုပြောကြားသည် ။ ယင်းနောက် ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်က သင်တန်းဖွင့်လှစ်ပေးရခြင်းအကြောင်း ရှင်းလင်းပြီး ဒုတိယသူနာပြုအုပ် ဒေါ်ထက်ထက်အောင်က သင်တန်းနှင့်ပတ်သက်၍ အချိန် စာရင်းနှင့် စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးရှင်းလင်းခဲ့သည်။ သင်တန်းတွင် သင်တန်းသူ(၆) ဦးအား သင်ခန်းစာများကို (၉) လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်