သုံးခွ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ရာသီပဲတီစိမ်းစိုက် တောင်သူများအတွက် (GAP&GHP) နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်များမှ ပို့ချသော တောင်သူပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က လက်ပန်စံပြကျေးရွာ လက်ပန် SMU ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ပထမဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ကုမ္ပဏီများကိုယ်စား Bright light ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးမောင်မြင့်မှ ယနေ့ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးကွက်အခြေအနေများအား ရှင်းလင်းပြောကြားရာတွင် တောင်သူဦးကြီးများအနေဖြင့် ပဲတီစိမ်းအရေအသွေးမြင့်မားပြီး နိုင်ငံတစ်ကာ ဈေးကွက်ကိုရောင်းချတင်ပို့နိုင်ရန် ပိုးမွှားကင်းစင်ပြီးပဲတီစိမ်း ပိုးသတ်ဆေးဓာတ်ကြွင်းနည်း၊ အရည်အသွေးကောင်းမွန်သော သုံးစွဲမှုနည်းစနစ်မှန်ကန်အောင် အသုံးချစိုက်ပျိုးမှုစနစ် တွေဟာအရေးကြီးပါကြောင်းနှင့် မျှော်မှန်းထားတဲ့ဈေးနှုန်းတွေ ရရှိပါစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက ရာသီပဲတီစိမ်းစိုက်တောင်သူများအတွက် (GAP&GHP) နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေရေး သင်တန်းဆက်လက်ပို့ချရာ တက်ရောက်လာသော တောင်သူဦးကြီးများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ပဲတီးစိမ်းစိုက်တောင်သူ(၁၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)