ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ရွာများဖြစ်ကြသည့် လက်ပံ့အိုက်၊ လဲဂွ၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ညောင်ဖြူပင်၊ မုန်ကုန်း၊ ညောင်ချိုင်းတောင်၊ ညောင်ချိုင်းမြောက်စသည့်ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါသီတင်းကျွတ်အချိန်က စတင်ပျိုးထောင်ထားသည့် ကြက်သွန်ပျိုးပင်များကို မိမိတို့စိုက်ရန်သက်မှတ်ထားသောမြေကွက်များသို့ ရွှေ့ပြောင်းစိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ရှိရွာများမှာ ကြက်သွန်ကို သီတင်းကျွတ်တွင် စတင်ပျိုးထောင်ပြီး ရက်ပေါင် ၄၅ ရက်မှ ၆၀ ရက်အတွင်းပြောင်းရွှေ့ စိုက်ပျိုးကြကြောင်းသိရသည်။ ပြောင်းရွှေ့မစိုက်မှီ စိုက်ပျိုးလိုသော မြေယာကို နွားချေး၊ ငုံးချေး၊ နှမ်းဖက်အမှုတ်၊ ဖော့(စ်)ဖိတ် ဓာတ်မြေသြဇာတို့ကို ဖျန်းပတ်ပြီး ထယ်ရေးညှပ်အောင်ထွန်းယက်ကာ ကန့်ဆွဲထားကြရကြောင်းသိရသည်။ ယခုအခါ ကြက်သွန်ပျိုးပင်များကို ပြောင်းရွှေ့စိုက်ပျိုးနေကြပြီး ကြက်သွန်တစ်ဧကကိုပျိုးစေ့ ၂ ပြီခွဲ မှ ၃ ပြီထောင်အထိ အသုံးပြုကြရပြီး စိုက်ပျိုးသူ လူဦးရေ ၃၀မှ ၃၅ ယောက်ထိ စိုက်ပျိုးကြရကြောင်းသိရသည်။ ကြက်သွန်သည် အခြားစိုက်ပျိုးသီးနှံများထက် အရင်း အနှီး ကုန်ကျမှုစရိတ်များပြားပြီး စတင်ပျိုးထောင်သည့်အချိန်မှ နှုတ်သိမ်းချိန်အထိ တစ်ဧက ကို (၂၅၀၀၀၀၀)သိန်း မှ (၃၀၀၀၀၀၀) သိန်း အထိကုန်ကြကြောင်း ကြက်သွန်စိုက်တောင်သူများ ထံမှသိရသည်။ ယခုနှစ်တွင် ကြက်သွန်ဈေးကောင်၍ တောင်သူများအဆင်ပြေကြပြီး ကြက်သွန် တစ်ပိဿာဈေးနှုန်း ၃၀၀၀ မှ ၃၅၀၀ ကျပ်အထိ ရောင်းချရသောကြောင့် တောင်သူများအဆင်ပြေကြ ကြောင်း တောင်သူများထံမှ သိရသည်။
P.W.A(ပြန်/ဆက်)