ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင်ပြည်တွင်း စားသုံးဆီဖူလုံရန် ရည်ရွယ်၍ ဝက်ကိုက်ကျေးရွာအုပ်စု တောင်သူ ဦးအောင်သောင်းကွင်းအမှတ် (၄၈၁E)၊ ဦးပိုင်အမှတ်(၅/၁၄)၊ ဧရိယာ(၁၀)ဧကတွင် (ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် နေကြာစိုက်ပျိုးရာတွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကြိုးတန်းဖြင့် တန်းကြားသတ်မှတ်၍ စိုက်ပျိုးခြင်းနှင့်ကြောင်းဆွဲကိရိယာဖြင့်ကြောင်းဆွဲ၍ မျိုးစေ့ချစိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။
အဆိုပါ ဆီထွက်သီးနှံနေကြာစိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ(၁၂၀)ဦး တက်ရောက်ပါဝင်ခဲ့ကြပြီး အခမ်းအနားသို့ အမှတ်(၁) နည်းဗျုဟာမှူးကြီး မင်းဇော်မှ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ ဆက်)