ရန်ကုန် ဒီဇင်ဘာ ၁၆
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်၏ ထုတ်ကုန်ပစ္စည်းများပြပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် မရမ်းကုန်းခရိုင်၊ မရမ်းကုန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်၏ ထုတ်ကုန်ပစ္စည်းများပြပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍အခမ်းအနားတက်ရောက်လာကြသူများက အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ထုတ်ကုန်ပစ္စည်းပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါစက်မှုဇုန်(၂၉)ဇုန်တို့၏ ထုတ်ကုန်ပစ္စည်းပြပွဲကို ဒီဇင်ဘာ(၁၅)ရက်နေ့မှ ဒီဇင်ဘာ(၁၈)ရက်နေ့များအထိနေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်အတွင်း ခင်းကျင်းပြသမည်ဖြစ်ရာ အများပြည်သူများလာရောက်ကြည့်ရှု ဝယ်ယူအားပေးနိုင်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)