မြောက်ဥက္ကလာပမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပ

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၆

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက(၂)ရပ်ကွက်ရှိ မယ်လမု(၃)ထပ်ဓမ္မာရုံတွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်ထားသည့် စံနှုန်းများဖြစ်သည့် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းခြင်း၊ တကိုယ်ရေသန့်ရှင်းခြင်းရှိ/မရှိနှင့် ကျန်းမာရေးကောင်းမွန်ခြင်းရှိ/မရှိစိစစ်ခြင်း၊ လအလိုက်ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ကျန်းမာရေးဗဟုသုတများကို မေးမြန်းစစ်ဆေးခြင်း စသည်တို့ဖြင့် အကဲဖြတ်အမှတ်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်၊၊

မြမြဝင်း