ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အမှတ် -၂၁ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်နှင့် အနာဂတ်လှုပ်ရှားမှုအဖြစ် Young & Future အဖွဲ့မှ ဦးဆောင်၍ ဆံသဆရာ/ ဆရာမများဖြင့် ကျောင်းသား/ ကျောင်းသူများအား အခမဲ့ခေါင်းလျှော်ပေးခြင်း၊ ဆံပင်ညှပ်ပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်နှင့်အနာဂတ်လှုပ်ရှားမှုအဖြစ် Young & Future အဖွဲ့မှဦးဆောင်၍ အခြေခံပညာကျောင်းများ၌ အခမဲ့ဆံသ၊ ခေါင်းလျှော်ခြင်းများနှင့်ပတ်သတ်၍ "ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား အချိန်ကုန်သက်သာစေရန်နှင့် ငွေကြေးကုန်ကျမှု သက်သာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းပေါင်း (၂၀) ကျော် တွင် လိုက်လံဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနှင့် နောင်တွင်လည်း အလားတူ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း" Young & Future အဖွဲ့မှဦးဆောင်သူ ဦးမျိူးကြီးထံမှသိရသည်။
အဆိုပါ အခမဲ့ခေါင်းလျှော်ခြင်း၊ ဆံပင်ညှပ်ပေးခြင်းများကို Young & Future အဖွဲ့မှ ဆံသဆရာ/ ဆရာမ ၂၂ ဦးဖြင့် ကျောင်းသား/ ကျောင်းသူဦးရေ ၂၀၀ ဦးအား ယမန်နေ့က ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် ( ပုဗ္ဗသီရိ)