သတင်းများ

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၂) ရေချမ်းအိုး(မြောက်) ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသ
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၂)ရေချမ်းအိုး (မြောက်) ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
သာစည်မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပူးပေါင်းလေ့ကျင့်မှုပြုလုပ်
Dec 16,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့်မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ သာစည်မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ပူးပေါင်းလေ့ကျင့်မှုကို  ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါ ဈေးအတွင်း၌ ပြုလုပ်ခဲ့သည်။
အထက(မိုင်းစိတ်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Dec 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန  ၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်သောလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက မိုင်းစိတ်ကျေးရွာအုပ်စု ၊ မိုင်းစိတ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင်ပြုလုပ်ခဲ့သည်။
နမ့်စန်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် (၄)ခရိုင် အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Dec 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် (၄)ခရိုင်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၁၄)ရက်နေ့ ညနေ ၂နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်း အတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်(၄)ခုမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ချောက်မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Dec 16,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို စျေးတာဝန်ခံ ဦးရဲကြည်ဆွေနှင့် စျေးကော်မတီဝင်များ၊ စျေးဝန်ထမ်းများက စျေးပိတ်ရက် ဥပုသ်နေ့ဖြစ်သည့် ယမန်နေ့နံနက် ၉နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပွန်မြို့ အခြေခံပညာ‌ကျောင်းတွင် စာဖတ်ဝိုင်းပြုလုပ်ပေး
Dec 16,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့၊ ခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည်တိုက် ဝန်ဆောင်မှုဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်နှင့် တာဝန်ရှိသူများက ဟိုပုံးမြို့နယ်ရှိ ဘိန်းစိုက်ခင်းများအား ဖျက်ဆီး
Dec 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာ အုပ်စု၊ ပန်လျှန်းကျေးရွာရှိ ဘိန်းစိုက်ခင်းများကို ယမန်နေ့နံနက် ၇နာရီခွဲ အချိန်က တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ် (၅) ရပ်ကွက်၌ စည်ပင်သာယာရေးအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် မြေသားရေမြောင်း တူးဖော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Dec 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့်   လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။