မြောက်ဥက္ကလာပမြို့နယ်တွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၆

လူသားချင်းစာနာထောက်ထားပြီး ဂရုဏာထားရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ အ.ထ.က(၂)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းနှင့် အသင်းဝင်များက ကြက်ခြေနီအသင်းစတင်ဖြစ်ပေါ်လာသည့်အကြောင်းများ၊ ကြက်ခြေနီအသင်း၏ ဆောင်ရွက်ချက်များ၊ လူသားခြင်းစာနာထောက်ထားစွာဖြင့် ပြည်သူလူထုကို ကူညီရသည့်အကြောင်းများ၊ သာမန်ပရိဟိတလုပ်ငန်းများနှင့်မတူဘဲ တာဝန်၊ ဝတ္တရားများ၊ စည်းမျဉ်းစည်းကမ်းများနှင့်ဆောင်ရွက်ရသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း