မိုးညိမြို့နယ်တွင် မီးဘေးသင့်နေအိမ်(၃)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

မိုးညို   ဒီဇင်ဘာ   ၁၆

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ ရွှေသောင်ပိုင်းတွင် ဖြစ်ပွားခဲ့သောမီးဘေးသင့်နေအိမ်(၃)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးလွင်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက မီးဘေးသင့်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၃)စုရှိလူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၉၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၉၄၀၀/-)ကျပ်နှင့် ပျက်စီးနေအိမ်(၃)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုး(ပလပ်စတစ်ပုံး)အပါ(၃)အိမ်ထောင်စာတန်ဖိုးငွေ(၁၄၇၁၀၈/-)ကျပ်တို့အား မီး‌ဘေးသင့်ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)