ပြည်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနောက်စောင်းတန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည် ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနောက်စောင်းတန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

ရှေးဦးစွာ အနောက်စောင်းတန်းလမ်း ကွန်ကရစ်လမ်းအား ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်(ပြည်)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ ပြည်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးကိုကိုဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းဦးနှင့်အဖွဲ့ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါလမ်းအရှည်ပေ ၄၉၀ ပေ၊ ၁၈ ပေအကျယ်၊ ၈ လက်မထုအား ခွင့်ပြုငွေကျပ်သန်း ၃၀.၆၀ သန်းနှင့် လမ်းဘေးအုတ်ရေမြောင်း ၂၄၈၀ ပေ ၃ ပေ ၃ ပေအား ခွင့်ပြုငွေကျပ်သန်း ၄၉.၆ သန်းတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်