ပြည် ဒီဇင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့်ဂိမ်းကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၃၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ဆက်လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက စိန်ရတုလွတ်လပ်ရေးနေ့သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ဦးစီးအရာရှိဦးအောင်ကိုသန့်က စာအုပ်စာပေလေ့လာဖတ်ရှုပြီး အသိပညာဗဟုသုတများတိုးပွားရရှိစေမည့်အကြောင်းများကိုလည်းကောင်း အသီးသီးဟောပြောကြသည်။
ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲ၊ သရေကွင်းသယ်ဂိမ်းကစားခြင်းနှင့် ပူးပေါင်းဖောက်ဂိမ်းကစားခြင်းတို့ကို ကျင်းပရာကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြသည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများကပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲအားကြည့်ရှုလေ့လာကြသည်။ ယင်းနောက်တက် ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်များ၊ မုန့်များ၊ အမှတ်တရလက်ဆောင်များကိုတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်