တာချီလိတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် တာချီလိတ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်အား အချင်အတွယ်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)