သတင်းများ

စဉ့်ကူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Dec 31,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စဉ်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၌ ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရေး မြေပြင်လုပ်ငန်း ၉၇ ရာခိုင်နှုန်းပြီးစီး
Dec 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ဇီးအိုင်ကျေးရွာအနီးရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစီမံကိန်းမှ ဒုတိယအဆင့် (၄၀) မဂ္ဂါဝပ် ထုတ်လွှတ် နိုင်ရေးအတွက် မြေပြင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း စီမံကိန်းတာဝန်ခံထံမှ သိရသည်။
နမ္မတူမြို့နယ်တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြုသင်တန်းဖွင့်လှစ်
Dec 31,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြု သင်တန်းကို ဒီဇင်ဘာလ (၂၆)ရက်နေ့က နမ္မတူမြို့နယ် ကြူဆော့ကျေးရွာကို အခြေပြု၍ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်ထံက သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကျောက်ရောမြေနီလမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ရွာမအုပ်စုနှင့် ပေါက်ခေါင်းခေါင်းမြို့နယ် ငါးခူအိုင်အုပ်စု ချောင်းခြားကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ကျေးလက်လက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းခြားကျေးရွာတွင်း ကျောက်ရော မြေနီလမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းကျင်းပ
Dec 31,2022
ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် လူငယ်စကားဝိုင်းကို အဆိုပါဒီဂရီကောလိပ်၊ ဦးဘခန်းမ၌ ကျင်းပသည်။ 
ရခိုင်ပြည်နယ် ၊ မောင်တောမြို၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲပြုလုပ်
Dec 31,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စည်းရုံးရေးကော်မတီ၏ အသိညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့ ဝက်သည်းကန်မှထွက်ရှိသည့် ကြာချည်များ ဈေးကောင်းရ
Dec 31,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဝက်သည်ကန်မှရရှိသော ကြာရိုးများမှတစ်ဆင့် ထွက်ရှိသည့် ကြာချည်များမှာ  ယနေ့အထိ ဈေးကွက်တွင် ဈေးကောင်းရရှိနေပြီး ကြာချည်အခြောက် တစ်ပိဿာလျှင် ငွေကျပ်လေးသိန်းအထိ ပေါက်ဈေးရှိကြောင်း စလင်းမြို့ကြာချည်ထုတ်လုပ်ငန်းလုပ်ကိုင်သူ များထံမှ သိရသည်။
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ လူငယ်စကားဝိုင်းကျင်းပ
Dec 31,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုတက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) ပင်မခန်းမ၌ ကျင်းပပြုလုပ်သည်။