မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာ၌ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ စတင်ရိတ်သိမ်းနေပြီဖြစ်

မိုးနဲ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ခိုတိဝိုးကျေးရွာနေ စိုက်ပျိုးရေး လုပ်ကိုင်သူ တောင်သူအများအပြား ယခုနှစ်တွင် ဆောင်းသီးနှံနေကြာ စိုက်ခင်းများကို ပိုမိုစိုက်ပျိုးလာကြရာ အစောပိုင်းစိုက်ပျိုးထားသည့် နေကြာစိုက်ခင်းများ စတင်ရိတ်သိမ်း နေပြီဖြစ်ကြောင်း သိရသည်။

ခိုတိဝိုးကျေးရွာနေ တောင်သူအများအပြား နှစ်စဉ် ရာသီအလိုက် ပြောင်း၊ ပဲပုတ်၊ မြေပဲ၊ ဆီမုန့်ညှင်း တို့ကိုသာ စိုက်ပျိုးကြရာ ၂၀၂၁ ခုနှစ်မှ စတင်၍ ဆီထွက်ပန်းနှမ်းစိုက်ခင်းများကို လည်း အများအပြား စိုက်ပျိုးလာကြောင်း၊ အချိန်တိုသီးနှံဖြစ်ပြီး သီးထပ်စိုက်ပျိုးရန် အဆင် ပြေသည့်အတွက် ပိုမိုစိုက်ပျိုးကြကြောင်း၊ မိသားစု စားသုံးဆီ ဖူလုံရေးအတွက် အဓိကစိုက်ပျိုးကြောင်း၊ ယခု မိမိယာခင်း၌လည်း ဆောင်းသီးနှံ နေကြာစိုက်ပျိုးထားရာမကြာမီ ရိတ်သိမ်းတော့မည်ဖြစ်ကြောင်းနှင့် ခိုတိဝိုးကျေးရွာ၌ ဆောင်းသီးနှံနေကြာများကို အစောပိုင်း စိုက်ပျိုးထားသူများအနေဖြင့် စတင်ရိတ်သိမ်း လျက်ရှိကြောင်း ဆောင်းသီးနှံ နေကြာ စိုက်ပျိုးထားသူ တောင်သူ ဒေါ်နန်းပေါက်ထံမှ သိရသည်။

ဇင်ကိုကို (ပြန်/ဆက်)