ပင်းတယ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဉာဏစွမ်းရည်ပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်မှ ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများမှ လွတ်လပ်ရေးရရှိအောင် ကြိုးစားခဲ့ပုံများ၊ အနာဂတ်မြန်မာနိုင်ငံတော်အတွက် အားကိုးအားထာရသော လူတော်လူကောင်းများဖြစ်လာအောင် အတတ်ပညာသာမက အသိပညာပါ ရရှိစေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးသည်။
ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲအား ပြုလုပ်ပေးခဲ့ပြီး၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူးမှ အမှတ်တရဂုဏ်ပြုဆုများကို ချီးမြှင့်ပေးခဲ့သည်။
အောင်ကိုဦး(ပြန်/ဆက်)