ပေါက်ခေါင်း ဇန်နဝါရီ ၂
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများသို့ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားပေါင်းစုံမှ လွတ်လပ်ရေးရရှိအောင် တိုက်ပွဲဝင်ကြိုးပမ်းခဲ့မှုများ၊ ပြည်ပနိုင်ငံများသို့သွားရောက်ပညာသင်ကြားကာ လွတ်လပ်ရေးရရှိရေးရရှိရေးအတွက် ကြိုးပမ်းခဲ့မှုများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာနှင်းက လွတ်လပ်ရေး၏အဓိပ္ပါယ်နှင့် အနှစ်သာရများ၊ မြန်မာပြည်လွတ်လပ်ရေးရရှိပြီးစ အခြေအနေများနှင့်မိမိတို့ရရှိထားသည့် လွတ်လပ်ရေးကို တန်ဖိုးထားမြတ်နိုးတတ်ကြစေရန်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ Talk Show ဆွေးနွေးပွဲအစီအစဉ်ကို ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook page နှင့်ပြည်သူ့စာကြည့်တိုက် Facebook page တို့တွင် ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)