သတင်းများ

မိုးမိတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနပိုင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ဖွင့်ပွဲကျင်းပ
Jan 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဋ္ဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မြောက်ပိုင်းရပ်ကွက် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆိုင်းငင်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ
Jan 02,2023
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဆိုင်းငင်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ဒီဇင်ဘာလ ၃၁ ရက် နံနက်၁၀နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မိုင်းခတ်၌ တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jan 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ  တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက်  တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့နယ်ပန်းခြံလမ်းတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ (ရွှေတောင်-၈) စံပြကွက်ကွင်းပြပွဲ ပြုလုပ်
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက အကျိုးဆောင်တောင်သူနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းစိုက်ပျိုးသည့် မိုးနှောင်းချည်မျှင်ရှည်ဝါ
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ထီရွေး-ထီရယ် ကျေးရွာကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ
Jan 02,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ထီရွေး-ထီရယ် ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲကို ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်
ပျဉ်းမနား ဘိုးဘွားရိပ်သာ၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ
Jan 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမှ ဦးဆောင်ကျင်းပသော ပျဉ်းမနား ဘိုးဘွားရိပ်သာ၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါဘိုးဘွားရိပ်သာ၌ကျင်းပရာ နေပြည်တောင်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ကြသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး ဆောင်းကြက်သွန်နီ အားထားစိုက်ပျိုး လုပ်ကိုင်
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဆောင်းသီးနှံအဖြစ် ကြက်သွန်စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နှစ်သစ်ကူးရုံးပိတ်ရက်တွင် ပခုက္ကူမြို့ရှိ အထင်ကရနေရာများ၌ အလည်အပတ်လာရောက်အပန်းဖြေသူ များပြား
Jan 02,2023
၂၀၂၃ခုနှစ်၊နှစ်သစ်ကူးရုံးပိတ်ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိအထင်ကရနေရာများ၌ ယမန်‌နေ့ နံနက်ပိုင်းက အလည်အပတ်လာရောက်အပန်းဖြေသူ များပြားလျက်ရှိသည်။