ကော့သောင်း ဇန်နဝါရီ ၂
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ဓာတ်ပုံပြပွဲနှင့်အရုပ်ဆက် ပြိုင်ပွဲအား ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူများအား ခရိုင်ရုံးတွင်ဖွင့်လှစ်ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်အတွင်းရှိ ဆလုံတိုင်းရင်းသားများ၏ လူနေမှုဘဝမှတ်တမ်းဓာတ်ပုံများနှင့် ပင်လယ်ထွက် သယံဇာတပစ္စည်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေး ကြိုးပမ်းအားထုတ်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာမှတ်တမ်းဓာတ်ပုံများအားခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ ကျောင်း သား၊ ကျောင်းသူ ကလေးငယ်များ စဉ်းစားတွေးတောဆင်ခြင်ကြံဆမှုနှင့် တီတွင်ဖန်တီး လိုစိတ်များ မြင့်မားလာစေပြီး ဖြတ်ထိုးဉာဏ်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ ရည်ရွယ်၍ ဗိုလ်ချုပ်အောင်ဆန်းပုံအရုပ်ဆက်ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးပြီး ပြိုင်ပွဲတွင် အနိုင်ရသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရ လက်ဆောင် များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း )